Home > ပြည်သူ့

Dr. Rémi Nguyen

Managing Partner,
ဥပဒေရေးရာအတိုင်ပင်ခံ

Rémi Nguyen
Dr. Rémi Nguyen သည် ၂၀၁၄ခုနှစ်မှစ၍ မြန်မာနိုင်ငံဥပဒေ (မြန်မာ့ရှေးဟောင်းဥပဒေ၊ အိန္ဒြိယ (အင်္ဂလိပ်) ရှေးထုံးတမ်းဥပဒေနှင့်ဖြတ်ထုံးများ၊ ခေတ်ပြိုင်မြန်မာဥပဒေများ) ကို ၄င်း၏ Ph.D ဒီဂရီအတွက် အထူးပြုလေ့လာရေးသားခဲ့ပါသည်။ ယင်းအချိန်အတောအတွင်းတွင် ဥပဒေအကြံပေးအဖြစ် ဦးတင်အေး နှင့်အတူအလုပ်လုပ်ကိုင်ခဲ့ ပါသည်။ ၂၀၁၈ ခုနှစ်တွင် Dr. Rémi Nguyen သည် CNRS (French National Center For Scientific Research) ၌ ဥပဒေဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပါသည်။ Dr. Rémi Nguyen ၏ သုတေသနစာတမ်းသည် မြန်မာနိုင်ငံရှိ တရားမဥပဒေများကို စနစ်တကျပေါင်းစုစီစဉ်ပြဌာန်းထားမှုအပေါ် အလေးထားလေ့လာရေးသားခဲ့ခြင်း ဖြစ်ပါသည်။ Dr. Rémi Nguyen သည် Ph.D ဘွဲ့အတွက် စာတမ်းပြုစုစဉ် ကာအတွင်းတွင် တရားမဥပဒေနှင့် ကူးသန်းရောင်းဝယ်ရေး ဥပဒေများအပေါ် အထူးပြုအာရုံစူးစိုက်လေ့လာ ခဲ့ပြီး ဖြစ်ပါသည်။

Dr. Rémi Nguyen သည် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားများကို ကျွမ်းကျင်သူဖြစ်ပါသည်။

English , français , Burmese , ไทย , Tiếng Việt