Home > ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

Dr. Rémi Nguyen သည် မြန်မာတရားဥပဒေနှင့် ကူးသန်းရောင်းဝယ်ရေးဥပဒေတို့ကို လေ့လာရန်နှင့် မြန်မာနိုင်ငံဥပဒေစနစ်တို့၏ တိကျသေချာမှုများကို နားလည်နိုင်စေရေးအတွက် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။ Ph.D (ဒေါက်တာဘွဲ့) အတွက် စာတမ်းပြုစုစဉ်ကာလအတွင်းတွင် ရန်ကုန်မြို့၌အခြေစိုက်ပြီး ဥပဒေအတိုင်ပင်ခံ လုပ်ငန်းနှင့် တရားလွှတ်တော်ရှေ့နေအဖြစ် အမည်ကောင်းသတင်းကျော်ဇောမှုရှိနေသော ဦးတင်အေး (တရားလွှတ်တော်ရှေ့နေ) နှင့် တွေ့ဆုံခဲ့ပြီး အတူလုပ်ကိုင်ခဲ့ကြပါသည်။
Dr. Rémi Nguyen နှင့် Mr. Jean Francois Giné တို့သည် ပြင်သစ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံများတွင် Master Degree အတွက် ပညာသင်စဉ်ကတွေ့ဆုံခဲ့ကြပါသည်။ Mr. Jean Francois Giné သည် မြန်မာကုမ္ပဏီတစ်ခုတွင် အထွေထွေအတိုင်ပင်ခံရာထူးဖြင့် ရန်ကုန်မြို့၌ နေထိုင်လုပ်ကိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့အတူတကွပူးပေါင်း၍ Law Firm (ဥပဒေပညာရှင်အဖွဲ့) လုပ်ငန်းတည်ထောင်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများအပြင် ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ၄င်းတို့၏စီးပွားရေးလုပ်ငန်းများ ရှင်သန်ကြီးထွားမြင့်မားလာ စေရေး နှင့် ၄င်းဥပဒေရေးရာ ရင်ဆိုင်ကြုံတွေ့ရမှုများကို အကူအညီပေးရန်ဆန္ဒကို ဖော်ဆောင်ရန်ရွေးချယ်ခဲ့ကြ ပါသည်။

English , français , Burmese , ไทย , Tiếng Việt